အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ပျဉ်းမနားအမှတ် (၁) မြို့မဈေးနှင့် ဥတ္တရသီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ပျဉ်းမနားအမှတ် (၁) မြို့မဈေးနှင့် ဥတ္တရသီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 24, 2025

နေပြည်တော် ဇွန် ၂၄
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ပျဉ်းမနားအမှတ် (၁) မြို့မဈေးနှင့် ဥတ္တရသီရိရေလှောင်တမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်ရှိ ပြည်ထောင်စုဝန်ကြီးအိမ်ရာများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြုပြင်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ လိမ္မော်အရောင်အဆင့် သတ်မှတ်ထားသည့် တိုက်အမှတ် ၃၃၈၄ နှင့် အပြာရောင်အဆင့် သတ်မှတ်ထား တိုက်အမှတ် ၃၃၈၃ သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းက ငလျင်ကြောင့် ပျက်စီးခဲ့မှုများအား အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည့် SOP များနှင့်အညီ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ပြန်လည်ဆယ်တင် ပြင်ဆင်အသုံးပြုနိုင်သည့်ပစ္စည်းများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်သွားရန်၊ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများပြီးစီးပါက အခန်းတွင်း၊ အခန်းအပြင် နှင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးများ ဆောင်ရွက်ပေးရန်၊ ရေလိုင်း၊ မီးလိုင်းများနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စစ်ဆေးပြီး စီမံဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအားမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ပျဉ်းမနားမြို့ အမှတ် (၁) မြို့မဈေးရှိ အဆောက်အဦ A အဆောင်နှင့် B အဆောင်နေရာများတွင် ပြိုကျပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဈေးအသစ်ပြန်လည်တည်ဆောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုမိန့်ဖြင့် EOI ခေါ်ယူခဲ့မှု၊ လာရောက် လျှောက်ထားကြသည့် ကုမ္ပဏီများ၏ တင်ပြလာသည့်ဒီဇိုင်းများအပေါ် နည်းပညာအဆိုပြုချက်များနှင့် အခြားလိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာများကို စိစစ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်းမှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဥတ္တသီရိမြို့နယ် ကျောက်အိုးချောင်းပေါ်တွင် တည်ရှိသည့် ဥတ္တရသီရိ ရေလှောင်တမံသို့ ရောက်ရှိကြရာ မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ရေလှောင်တမံ ရေထုတ်ပြွန်မှ ရေယိုစိမ့်မှုအခြေအနေနှင့် မြေသားတမံ၏ ဖို့မြေထိခိုက် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါရေလှောင်တမံသည် ရေဆင်းဧရိယာဧက ၁၅၀၀ ၊ တမံအမြင့် ပေ ၆၀၊ တမံ အလျား ပေ ၁၁၂၀ ၊ မြေသားတမံ အမျိုးအစားဖြစ်ပြီး ဥတ္တသီရိမြို့နယ်အတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာပေးဝေနိုင်ရေးအတွက် ၂၀၀၈ -၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့် ၁၇ နှစ် ရှိပြီဖြစ်ကြောင်းနှင့် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Myanmar National Human Rights Commission Statement No. (7/2025)
Posted on Jun 24, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)
Posted on Jun 24, 2025