အမှတ်တံဆိပ်များ မှတ်ပုံတင်လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာချက်

အမှတ်တံဆိပ်များ မှတ်ပုံတင်လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / December 18, 2025
image_latest


၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ အမှတ်တံဆိပ်ကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့်အတူ မူပိုင်ခွင့်အကာအကွယ်ရယူလျှောက်ထားနိုင်ကြောင်း အမိန့်အမှတ် (၆၃/ ၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။ အသုံးပြုခြင်းဆိုင်ရာဦးစားပေးအခွင့်အရေးနှင့်အတူ လျှောက်ထားနိုင်သော အမှတ်တံဆိပ်အဟောင်းများကို မူပိုင်ခွင့်အကာအကွယ်ရယူရန်သာမက အမှတ်တံဆိပ်အသစ်များကိုလည်း မူပိုင်ခွင့်အကာအကွယ် ရယူနိုင်ရေးအတွက် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှစ၍ တရားဝင်စတင်လက်ခံပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ၍ လက်ခံဆောင်ရွက်ခဲ့ပါသည်။ အသုံးပြုခြင်း ဆိုင်ရာ ဦးစားပေးအခွင့်အရေးတောင်းဆိုခြင်းပါဝင်သည့် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများ ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ လက်ခံဆောင်ရွက်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက် စုစုပေါင်း ၆၀၀၀၀ ကျော်လက်ခံ၍ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

၃။ အဆိုပါလျှောက်ထားချက်များကို နှစ်အလိုက် အစီအစဉ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းကို ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်းအား ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ လစဉ် ၁ ရက်နေ့တိုင်းထုတ်ပြန်ကြေညာလျက်ရှိပါသည်။ ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာချက်အပေါ် ကန့်ကွက်သူမရှိသည့်လျှောက်ထားချက်များကို အမှတ်တံဆိပ်မှတ်ပုံတင် လက်မှတ်ထုတ်ပေးလျက်ရှိပြီး စုစုပေါင်း ၁၁၇၀၈ စောင်ထုတ်ပေးပြီး ဖြစ်ပါသည်။ အမှတ်တံဆိပ်မှတ်ပုံတင် ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခြင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ၁၂ ကြိမ်အထိ ထုတ်ပြန်ကြေညာခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမှတ်တံဆိပ်များကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လျှောက်ထားပြီး မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Dec 18, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 17, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Dec 16, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025
HOT NEWS
January 4,