အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲများပြုလုပ်
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲများပြုလုပ်
Ministry of Information/ Naypyitaw / April 28, 2026
နေပြည်တော် ဧပြီ ၂၈
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တပ်မတော်သားမိသားစုဝင်သားသမီးများ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန်ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မော်လမြိုင်မြို့ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသား/ကျောင်းသူများ၏ (၃၈) ဖြာမင်္ဂလာတရားတော်များနှင့်ကဗျာများဖြင့် သီဆိုသရုပ်ပြမှုအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသော သင်တန်းသား/သင်တန်းသူများအား ဆုများအသီးသီးချီးမြှင့်ကြပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။