အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်
အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်
Ministry of Information/ Naypyitaw / June 06, 2025

ရန်ကုန် ဇွန် ၅
မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ကိုးဦး၊ ကစားသမား ၂၃ ဦး လိုက်ပါသွားမည်ဖြစ်ပြီး အုပ်ချုပ်သူဒေါ်နွယ်နီဦး၊ နည်းပြချုပ်ဒေါ်သက်သက်ဝင်း၊ လ/ထနည်းပြ ဦးသက်ပိုင်ဦး၊ ဒေါ်ခင်မိုးဝေး၊ ဂိုးနည်းပြဦးကို ကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား သူဇာအောင် (သစ္စာ အားမာန်)၊ ပန်းနုဝေ (ဧရာဝတီ)၊ လှလှထွေး (YREO)၊ နောက်တန်း ယုယုနိုင်၊ မင်းမင်းနု၊ ယမင်းဖြူ (ရန်ကုန်ယူနိုက်တက်)၊ သီရိနန္ဒာစိုး၊ အေးအေးစိုး (YREO)၊ ပင်မြင့်ယံ (Young Lionesses)၊ ခင်မိုးဝင်း၊ နိုင်နိုင်ဝင်း၊ သဲအိလှိုင် (ဧရာဝတီ)၊ အလယ်တန်းကေသွယ်ဖြိုးဦး၊ ယဉ်လွန်းအိမ်၊ စန္ဒာလင်း (အား/ကာသိပ္ပံ)၊ ဒေစီအောင်၊ နန်းချိုမွှေး (ရန်ကုန်ယူနိုက်တက်)၊ ဝင်းစန္ဒာ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်းအိသက်ဖြိုး (YREO)၊ မိုးပွင့်ဖြူ (အား/ကာသိပ္ပံ)၊ စုစုခင် (ဧရာဝတီ)၊ နှင်းစန္ဒာဝင်း (ရန်ကုန်တိုင်း)၊ ယုယနိုင် (ရှမ်းယူနိုက်တက်)တို့ ပါဝင်ကြသည်။
အာဆီယံ ယူ-၁၉ အမျိုးသမီး ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု (က) တွင် ဗီယက်နမ်၊ လာအို၊ တီမော အသင်း တို့နှင့် ပါဝင်နေသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲဝင်ရန် ဇွန် ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။
သတင်း-ချစ်ကိုကို
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Posted on Jun 6, 2025ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)