အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက်မှ ညောင်တုန်းမြို့နယ်တွင် Rice Export Zone(REZ) အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နားလည်မှုစာချွန်လွှာရေးထိုးပွဲ အခမ်းအနားကျင်းပ

အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက်မှ ညောင်တုန်းမြို့နယ်တွင် Rice Export Zone(REZ) အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နားလည်မှုစာချွန်လွှာရေးထိုးပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / February 20, 2026
image_latest


ညောင်တုန်း ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် Rice Export Zone(REZ)အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ကရင်ရိုးရာ ဒုံးအကဖြင့်ဖျော်ဖြေ၍ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက် မန်းနေဂျင်းဒါရိုက်တာ ဦးထက်အောင်က Rice Export zone(REZ) နှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ ဝောာင်သူများအတွက် ပံ့ပိုးပေးမည့်အကြောင်းအရာများနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမျိုးစေ့အသင်း အမှုဆောင်အရာရှိ ဒေါ်အတာမေက မျိုးစေ့များအကြောင်းနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး  Rice Export zone(REZ)အား စိတ်ပါဝင်စားသည့် မြို့နယ်အတွင်းရှိ တောင်သူများနှင့် အောင်ကမ္ဘာဆုထရေးဒင်း ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026