ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)မိုးလုံလေလုံအားကစားရုံ(၁၂၀'×၉၀') ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)မိုးလုံလေလုံအားကစားရုံ(၁၂၀'×၉၀') ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / August 05, 2024


ပုသိမ်      ဩဂုတ်       ၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)မိုးလုံလေလုံအားကစားရုံ(၁၂၀'×၉၀') ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကြခတ်ချောင်ကျေးရွာရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အဆောက်အဦဆောက်လုပ်မည့်ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းဆောင်တွင် အဆောက်အဦဆိုင်ရာ အချက်အလက်များ၊ ခြံစည်းရိုးကာရံခြင်းများလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချက်များနှင့်အညီဖြစ်ရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပြီး အဆောက်အဦမြေနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင်နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တပြိုက်နက် ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၁၃)ရက် ဩဂုတ်လ(၂)ရက်၊ သောကြာနေ့ ည(၉)နာရီ မိနစ်(၂၀)တွင်  ဘဝနတ်ထံပျံလွန်တော်မူသော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊  ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဘဒ္ဒန္တသံဝရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇရုပ်ကလာပ်တော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဖူးမြော်ကြည်ညိုခဲ့ကြသည်။ဆက်လက်၍  အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်ဆင်ယဉ် ကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူခြင်းနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ပြုလုပ်ရာ “နမောတဿ” (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ငါးသိုင်းချောင်းမြို့၊ ဓမ္မပါလကျောင်းတိုက် မြိုနယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဩဘာသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက  ဩဝါဒကထာနာယူကြည်ညိုခဲ့ကြပြီးနောက် ဆရာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်  သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက်  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစု၊ စေတနာရှင် အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းရာ သယံဇာတရေးရာဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက လက်ခံရယူခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ကြွရောက်တော်မူလာကြသော ဆရာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က အန္တိမအဂ္ဂိ ဈာပနသဘင် ဆင်ယင်ကျင်းပနိုင်ရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီးနောက် အခမ်းအနားကို  “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

Posted on Mar 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

အများပြည်သူသို့ အသိပေးကြေညာခြင်း

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ