ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / July 03, 2025


ပုသိမ် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယနေ့ကျင်းပသည့်အခမ်းအနားသည် လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစိုက်မက်မက်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲပေးစက်ကို အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်များအသုံးပြုစရာမလိုဘဲ ဆန္ဒမဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ အီလက်ထရောနစ်မဲပေးစက် (MEVM)ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်စေရန်အတွက် ခရိုင်အဆင့် နည်းပြဆရာဖြစ် သင်တန်းများဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ထိုမှတဆင့် မြို့နယ်များတွင်လည်း မြို့နယ်အဆင့် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့်သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပြီး ကျင်းပမည့် ရွေးကောက်ပွဲတွင် MEVM မဲပေးစက်များ ကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများအား ဆင့်ပွား သင်တန်းများ ပြန်လည်ပို့ချရမည်ဖြစ်သည့်အတွက် စနစ်တကျသေသေချာချာ အလေးအနက်ထား လေ့လာသင်ယူမှတ်သား ကြရန်လိုပါကြောင်းနှင့် မဲပေးစက်များကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများကိုဆင့်ပွားပြန်လည် သင်ကြားပြသပေးရန်မှာကြားလိုပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးမှမဲပေးစက်ကိုင်တွယ်မည့်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် ပြန်လည်သင်ကြားပို့ချနိုင်ရန် အလေးအနက်ထား သင်ယူကြစေလိုကြောင်း” တိုက်တွန်း မှာကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိက ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလက်စွဲများ ပြင်ဆင်ခြင်း၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူး၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်အသုံးပြု၍ မဲပေးခြင်း၊ မဲပေးစက် တပ်ဆင်နေရာချထားခြင်းနှင့်ကိုင်တွယ်အသုံးပြုခြင်း၊ မဲပေးစက်မှမဲရလဒ်များထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကိုထုတ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏လုံခြုံစိတ်ချရမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက် ( MEVM ) နှင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြကြောင်းသိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Posted on Jul 3, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်

Posted on Jul 1, 2025

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၇၁)ဘဏ်စာရင်းကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 3, 2025

အမည်မည်းစာရင်းကြေညာခြင်း