ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော တိုင်းဒေသကြီးအတွင်းရှိသက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထုများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ပို့ဆောင်နှုတ်ဆက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော တိုင်းဒေသကြီးအတွင်းရှိသက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထုများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ပို့ဆောင်နှုတ်ဆက်
Ayeyarwaddy Region Government/ ပုသိမ် / December 09, 2025
ပုသိမ် ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်သော တိုင်းဒေသကြီးအတွင်းရှိသက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထုများ၏ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်အား ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ယခုလ ၅ ရက်နေ့ညနေပိုင်းတွင်ထွက်ခွာခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပို့ဆောင်နှုတ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ မြေနုတံတားဆိပ်ကမ်းမှ သင်္ဘောဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြမည့် တိုင်းဒေသကြီးအတွင်းရှိသက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထုအား သွားရောက်နှုတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကလမ်းခရီးအဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နေထိုင်နိုင်စေရေး၊ အာဟာရများနှင့် ဝေယျာဝစ္စကိစ္စရပ်များ လစ်ဟင်းမှု မရှိစေရေး၊ စေတီတော်မြတ်ကြီးအား စိတ်အေးချမ်းသာယာစွာ ဖူးမြော်ကြည်ညို သဒ္ဒါပွားများစေနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ တိုင်းဒေသကြီးအတွင်းရှိသက်ကြီးဘိုးဘွားများနှင့် ပြည်သူလူထု (၁၉၇) ဦးက သွားရောက်ဖူးမြော်ကြမည်ဖြစ်သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်သုံးဆင့်ကန်ပတ်လမ်း တိုးချဲ့ဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ယျာဉ် အပိုင်း(၃)အား ဆက်လက်အကောင်အထည်ဖော်ရေး၊ မြတ်ခင်းများစိမ်းလန်းစိုပြေစေရေးနှင့် ပန်းခြံစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်ပန်းပင်များ တိုးချဲ့စိုက်ပျိုးသွားရန်၊ ပတ်လမ်းများတိုးချဲ့ေဆာင်ရွက်ရန်၊ အလှမီးများတပ်ဆင်ထားရန်၊ ပန်းခြံစဉ်ဆက်မပြတ်စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 16, 2026ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Myanmar National Human Rights Commission Press Statement
Posted on Jan 15, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Posted on Jan 15, 2026
