ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အသက် (၁၀)နှစ်မှ (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းနှင့် UID ရိုက်ကူးပေး နေမှုများကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အသက် (၁၀)နှစ်မှ (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းနှင့် UID ရိုက်ကူးပေး နေမှုများကြည့်ရှုအားပေး
Ayeyarwaddy Region Government/ ပုသိမ် / May 06, 2026
ပုသိမ် ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပြည်သူများအား အသက်(၁၀)နှစ်မှ (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သွေးအမျိုးအစားခွဲခြင်း၊ e-IDစစ်ဆေးခြင်း၊ ရှေ့ပြေးလျှောက်လွှာဖြည့်သွင်းခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု့အားပေးခဲ့ကာ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်များနှင့် UID ကတ်များ ပေးအပ်ခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အစိုးရသစ်ကာလ ရက် (၁၀၀) အတွင်း "လမင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ရပ်ကွက်၊ ကျေးရွားများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းဖွင့်ရာသီတွင်လည်း အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား (၁.၆.၂၀၂၆) ရက်နေ့မှ (၃၁.၇.၂၀၂၆) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Posted on May 5, 2026ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026
