ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး
Ayeyarwaddy Region Government/ ပုသိမ် / May 18, 2026
ပုသိမ် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် circular tank များတွင် ငါးများစမ်းသပ်မွေးမြူနေမှု၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများနှင့် စနစ်တကျ တည်ဆောက်ထားသည့် အဆင့်မြင့် မြေသားကန်များတွင် ငါးများစမ်းသပ်မွေးမြူနေမှု၊ စပါးခွံလောင်စာသုံး gasifier နှင့် gas engine စနစ် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် စပါးခွံလောင်စာအသုံးပြု၍ လျှပ်စစ်ဓါတ်အား စမ်းသပ်ထုတ်လုပ်နေမှုနှင့် တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး boiler နှင့် turbine စနစ် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် စက်များတပ်ဆင်ပြီးစီးနေမှု၊ Indoor smart hatchery system တွင် ငါးသားပေါက်ဖောက်ခြင်းလုပ်ငန်းများ၊ ငါးသားပေါက်ပြုစုခြင်းလုပ်ငန်းများ၊ ရေပေါ်ငါးအစာတောင့်စက်ရုံတွင် ငါးအစာကုန်ကြမ်းများ ပြည်တွင်းပြည်ပမှ ရောက်ရှိနေမှုများ၊ ငါးအစာတောင့် စမ်းသပ်ထုတ်လုပ်နေမှုများ၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အေးခဲခြင်းစက်ရုံနှင့် automated cold storage warehouse တို့တွင် စက်ပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌက ခေတ်မီမွေးမြူရေးစနစ်ကို ပြောင်းလဲအသုံးပြု၍ Farm to Table ရောက်အောင် ပြောင်းလဲလာသည့် လုပ်ငန်းစဉ်များ၊ ငါးသားဖောက်စခန်း၊ အသားတိုးငါးမွေးမြူရေးစခန်း၊ ရေပေါ်ငါးအစာတောင့်ထုတ်လုပ်သည့်စက်ရုံ၊ ငါးအခြေခံစားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းနှင့် အအေးခန်းစက်ရုံ၊ ဇီဝလောင်စာသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံ အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ ပိုမိုဖွံဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်၍ ဈေးကွက်အတွင်း တင်ပို့ရောင်းချနေသည်ကို တွေ့ရှိရသည့်အတွက်လည်း ဂုဏ်ယူရပါကြောင်း၊ ဒေသအတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်သည်ကို တွေ့ရှိရသည့် အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ကိုယ်ရည်ကိုယ်သွေးမြင့်မားအောင် အစဉ်ကြိုးစားလေ့လာနေကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း” ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ငါးအခြေခံ စားသောက်ကုန်များအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
