ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား (ဆန်နှင့်ဆီ) ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား (ဆန်နှင့်ဆီ) ထောက်ပံ့ပေးအပ်
Ayeyarwaddy Region Government/ ပုသိမ် / May 26, 2026
ပုသိမ် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မေလ ၂၁ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား (ဆန်နှင့်ဆီ) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း အလျဉ်းသင့်သလို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရသစ်တစ်ရပ်နှင့် လွှတ်တော်လည်းပေါ်ပေါက်လာပြီဖြစ်၍ ဝန်ထမ်းများ၏ လုပ်ဆောင်မှုများသည်လည်း ခေတ်စနစ်နှင့်အညီပြောင်းလဲပြီး အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို စနစ်တကျနှင့် အလေးအနက်ထားဆောင်ရွက်ကြရန် ပြောကြားပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
