၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ ယနေ့မှစ၍ စာမေးပွဲများ ပြန်လည်ဖြေဆို

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ ယနေ့မှစ၍ စာမေးပွဲများ ပြန်လည်ဖြေဆို


Ministry of Information/ Naypyitaw / June 16, 2025
image_latest


နေပြည်တော် ဇွန် ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲများ ဖြေဆိုနိုင်ရန် ဧပြီ ၂၈ ရက်မှ စတင်ကာ သတ်မှတ်ထားသည့် မြို့နယ်များရှိ ကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း (Camp) များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး စာမေးပွဲပြန်လည်ကျင်းပမည့်ရက်အား ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ သတ်မှတ်ခဲ့သည်။

ယနေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတ်မှတ်ထားသည့် မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား/ ကျောင်းသူများ၏ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ပြန်လည်ဖြေဆိုလျက်ရှိကြသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမှုအနေဖြင့် သတ်မှတ်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ စာစစ်ဌာန ၁၉၅ ခုတွင် လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၆၂၈၂၄ ဦးရှိသည့်အတွက် ဖြေဆိုရာခိုင်နှုန်း ၉၈.၆၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Posted on Jun 13, 2025

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊  သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏  ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -

HOT NEWS
January 4,