၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / May 13, 2026
image_latest


နေပြည်တော် မေ ၁၂

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များအပေါ် အခြေခံ၍ မူဝါဒ၊ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစီရင်ခံစာနှင့်ပတ်သက်၍ ဖော်ထုတ်ရရှိနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုင်ရာ တိုင်းဒေသကြီးအစီရင်ခံစာများကို လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံး၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေမှုနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

Posted on May 11, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)