(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) ကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်

(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) ကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / May 22, 2026
image_latest


နေပြည်တော် မေ ၂၁

(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ASEAN Chiefs of Defence Forces Meeting - 23rd ACDFM) ကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ကြပြီး ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Paduka Seri Haji Muhammed Haszaimi bin Bol Hassan နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှားအမျိုးသားတပ်မတော်စစ်ဦးစီးအရာရှိချုပ် General Agus Subiyanto နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုပြည်သူ့တပ်မတော် ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Dato Seri Haji Malek Razak bin Sulai Man နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်တပ်မတော်မှ စစ်ဦးစီးချုပ် General Romeo Saturnino Brawner Jr နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Vice Admiral AaronBeng Yao Cheng နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukirs Boontanondha နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ တီမောလက်စ်တေတပ်မတော်စစ်ဦးစီး အရာရှိချုပ် Lieutenant General Domingos Raul နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်ပြည်သူ့တပ်မတော် ဒုတိယဝန်ကြီးနှင့်စစ်ဦးစီးအရာရှိချုပ် General Nguyen TanCuong နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (23rd ACDFM) ဥက္ကဋ္ဌ ဖိလစ်ပိုင်တပ်မတော်စစ်ဦးစီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (23rd AMIM) ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်တပ်မတော် (ကြည်း၊ ရေ၊ လေ) ထောက်လှမ်းရေးအရာရှိချုပ် Major General Benedict D.Balaba နှင့် (၁၆) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (16th AMOM) ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်ဆင်ရေးအရာရှိချုပ် Major Gerenal Elmer B Suderio တို့က အစည်းအဝေးများကျင်းပခဲ့မှု အစီရင်ခံစာရလဒ်များကို ဖတ်ကြားတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲဆောင်ရွက်ကြပါစို့ (Securing Our Future, Together)” ခေါင်းစဉ်အပေါ် အမြင်များအား နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျဆွေးနွေးကြသည်။

မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဆွေးနွေးရာတွင် မိမိတို့အာဆီယံအဖွဲ့ကြီးသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ ခိုင်မာသည့်အခြေခံစည်းမျဉ်းများနှင့် ကောင်းမွန်သည့်ရည်ရွယ်ချက်များဖြင့် စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး မိမိတို့ အာဆီယံတပ်မတော်များသည်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်လုံခြုံရေးတို့အတွက် စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်တိုးတက်စေရန် အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း၊ ယခုနှစ်‌အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲဆောင်ရွက်ကြပါစို့ (Securing Our Future, Together)” သည် မိမိတို့ အာဆီယံတပ်မတော်များ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် လွန်စွာကိုက်ညီမှုရှိသည့်အပြင် မဟာဗျူဟာမြောက် လိုအပ်ချက်တစ်ခုလည်းဖြစ်သည်ကိုတွေ့ရှိရပြီး အာဆီယံ၏အဓိကရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေး မီးမောင်းထိုးပြလျက်ရှိကြောင်း။

လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့်ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအားလွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်အသွင်မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် အင်အားကြီးနိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံငယ်များအား ၎င်းတို့၏လွှမ်းမိုးမှုအောက်သို့ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာမိတ်အုပ်စုများဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်ကြိုးပမ်းလုပ်ဆောင်လာလျက်ရှိကြကြောင်း။

မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် တရားမျှတပြီး သိက္ခာရှိသည့်ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်‌များ ပါဝင်သော လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာပြီဖြစ်ကြောင်း၊ ထို့အတူ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးခရီးလမ်းခိုင်မာစေရန် နိုင်ငံတော်နှင့်ကိုက်ညီသည့် ဒေသအခြေခံဖက်ဒရယ်စနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ကို အသိပေးပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်သွားမည်ကို ထပ်လောင်းပြောကြားလိုကြောင်း။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်လုံခြုံရေးတို့အတွက် အခြေခံအုတ်မြစ်သည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံမှုပတ်ဝန်းကျင်အပေါ် မူတည်လျက်ရှိသဖြင့် အနာဂတ်တွင် ဒေသတွင်းတည်ငြိမ်မှုခိုင်မာအားကောင်းလာစေရန်နှင့် နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အတူလက်တွဲကျော်လွှားတုံ့ပြန်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲ ဆောင်ရွက်ကြပါစို့ (Securing Our Future, Together)” နှင့်အညီ အနာဂတ်ကာလတွင် မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် မိမိတို့မြန်မာ့တပ်မတော်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူလက်တွဲ၍ တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အခိုင်အမာပြောကြားလိုကြောင်း။

ထို့အတူ အာဆီယံဒေသအတွင်းရှိ ပြည်သူများ၏ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ရင်းနှီးချစ်ကြည်မှုများကိုအခြေခံကာ တည်ငြိမ်အေးချမ်း၍ လုံခြုံမှုရှိသည့် အသိုက်အဝန်းတစ်ခုဖြစ်ပေါ်လာစေရန် မိမိတို့အာဆီယံအဖွဲ့ကြီးနှင့် အာဆီယံတပ်မတော်များအနေဖြင့် စည်းလုံးညီညွတ်စွာ အတူလက်တွဲ ဆောင်ရွက်သွားနိုင်ပါစေကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ ၂ နှစ် လုပ်ငန်းစီမံချက်(၂၀၂၆-၂၀၂၈) Two Years Activity Work Plan (2026-2028) အားအတည်ပြုခြင်း၊ 23rd ASEAN Chiefs of Defence Forces Meeting (23rd ACDFM) ၏ ပူးတွဲထုတ်ပြန်ကြေညာချက် Joint Statement အား အတည်ပြုခြင်းများကိုဆောင်ရွက်ကြပြီး ပူးတွဲကြေညာချက်ကို အတည်ပြုလက်မှတ်ရေးထိုးကြကာ တက်ရောက်လာကြသည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် 23rd ASEAN Chiefs of Defence Forces Meeting (23rd ACDFM) ဥက္ကဋ္ဌ ဖိလစ်ပိုင်တပ်မတော်စစ်ဦးစီးချုပ်က လွှဲပြောင်းပေးအပ်မှု မိန့်ခွန်းပြောကြားပြီး 24th ASEAN Chiefs of Defence Forces Meeting (24th ACDFM) ဥက္ကဋ္ဌကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ အလံ (ASEAN Flag) ကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းလက်ခံမှု မိန့်ခွန်းပြောကြားပြီး ဖိလစ်ပိုင်တပ်မတော်စစ်ဦးစီးချုပ်က နှုတ်ခွန်းဆက် အပိတ်မိန့်ခွန်းပြောကြားကာ အစည်းအဝေးအောင်မြင်စွာပြီးစီးခဲ့သည်။

အလားတူ ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၆) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး (16th ASEAN Military Operations Meeting -16th AMOM) ကို မေလ ၁၉ ရက်နေ့တွင်ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကလည်းကောင်း၊ တတိယအကြိမ် အာဆီယံ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း ခေါင်းဆောင်များညီလာခံ (AMICLC-3) နှင့် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (23rd ASEAN Military Intelli-gence Meeting – 23rd AMIM) များကို မေ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင်ပြုလုပ်ရာ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကလည်းကောင်း Video Conferencing စနစ်ဖြင့်ပါဝင်တက်ရောက်ခဲ့ကြပြီး အာဆီယံတပ်မတော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်များကို ပိုမိုခိုင်မာစေအောင်တည်ဆောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း