KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဗန်းမောက်မြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်ထိန်းချုပ်

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဗန်းမောက်မြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်ထိန်းချုပ်


Ministry of Information/ Naypyitaw / February 09, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၈

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အား ထောက်ခံအားပေးမှု မရှိသည့် ဒေသခံပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ရရှိရေး နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ဗန်းမောက်မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ် အဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါ သတင်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ဗန်းမောက်မြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ယာယီသိမ်းပိုက် ထိန်းချုပ်ထားစဉ် ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှုယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်းများကြောင့်ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် ယာယီတိုက်ပွဲရှောင်စခန်းများသို့ ၎င်းတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ဗန်းမောက်ဒေသတစ်ဝိုက်အား ယာယီစိုးမိုးထားစဉ်ကာလအတွင်း အဆိုပါဒေသရှိ မြေပေါ်၊ မြေအောက်ရှိ သယံ ဇာတပစ္စည်းများကို အလွန်အကျွံ ထုတ်ယူအသုံးပြုခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင်များစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း တွေ့ရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဗန်းမောက်မြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းများခွဲ၍ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ရက် မှစ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ပင်ဟင်းခါးရွာ၊ ရွှေကျောင်းရွာ၊ ခိုပြင်ရွာ၊ နောင်သာယာရွာ၊ တာဝါတိုင်ကုန်း၊ ခမိုးရွာနှင့် ဖြူးတောင်တစ်ဝိုက်တို့အားလည်းကောင်း၊ အောက်တိုဘာ ၂၆ ရက်တွင် ဗန်းမောက်မြို့၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ စစ်ဗျူဟာအရေးကြီးနေရာများအားလည်းကောင်း ဦးစွာထိန်းချုပ်နိုင်ခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ခဲ့ပြီး ဗန်းမောက်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် ဗန်းမောက်မြို့အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များ၊ ဟိုတယ်များနှင့် အထပ်မြင့်အဆောက်အအုံများတွင် သဲအိတ်ဘန်ကာများ အခိုင်အမာဆောက်လုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရေးအတွက် ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ရသည့်အတွက် စစ်ဆင်ရေးကာလ လေးလကျော်ကြာ မြင့်ခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက် ယနေ့တွင် အကြမ်း ဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဗန်းမောက်မြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အလုံးစုံပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်မျိုးစုံ ၂၇ လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက် သမားရုပ်အလောင်းများနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဗန်းမောက်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း၊ ဆေးရုံအဆောက်အအုံများ၏ ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းများစသည့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရ သည့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ