Mandalay Earthquake Relief and Recovery Operation Review and Planning Workshop ကျင်းပ
Mandalay Earthquake Relief and Recovery Operation Review and Planning Workshop ကျင်းပ
Ministry of Information/ Naypyitaw / December 17, 2025
ရန်ကုန် ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း Mandalay Earthquake Relief and Recovery Operation Review and Planning Workshop ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ Pan Pacific Hotel တွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်း များ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ Cooperation Coordinator, Mr.Patrick Nyongesa တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကိုးလတာအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငလျင်တုံ့ပြန်မှု ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများကို ဆွေးနွေးခြင်း၊ လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် လိုအပ်လျက်ရှိသည့် အရင်းအမြစ်များကို ဖော်ထုတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ Exit Strategy နှင့် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များရေးဆွဲခြင်း(Recovery Planning) စသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အလုပ်အမှုဆောင်များ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တို့မှ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ဒုတိယ အထွေထွေအတွင်းရေးမှူးနှင့် လက်ထောက်အထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၇ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 16, 2026ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Myanmar National Human Rights Commission Press Statement
Posted on Jan 15, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Posted on Jan 15, 2026
