Naypyitaw State Academy Conference Room ၌ သင်ကြားရေးတွင် AI ကိုအသုံးချနည်းများ ခေါင်းစဉ်ဖြင့် ဆရာ ဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

Naypyitaw State Academy Conference Room ၌ သင်ကြားရေးတွင် AI ကိုအသုံးချနည်းများ ခေါင်းစဉ်ဖြင့် ဆရာ ဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / January 24, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

ဆရာ ဆရာမများ၏ သင်ကြားမှုနှင့် သု‌တေသနအရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ‘သင်ကြားရေးတွင် AI ကို အသုံးချနည်းများ’ (Presentation on AI in Education) ခေါင်းစဉ်ဖြင့် ဆရာဆရာမအရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy Conference Room ခန်းမသစ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက Artificial Intelligence(AI)သည် ယနေ့ခေတ် ဒစ်ဂျစ်တယ်ပညာရေးတွင် အလွန်အရေးကြီးသော နည်းပညာတစ်ခုဖြစ်ပါကြောင်း၊ သင်ကြားခြင်းနှင့် သင်ယူခြင်း (Teaching and Learning) ကဏ္ဍတွင် AI ကို မည်သို့အသုံးပြုနေသည်ကို ဆရာ ဆရာမများက သိရှိနားလည်သဘောပေါက်ရန်လိုအပ်ပါ‌ကြောင်း၊ ဆရာ ဆရာမများအ‌နေဖြင့် AI ကိုအသုံးပြု၍ သင်ခန်းစာများနှင့် သင်ရိုးညွှန်းတမ်း (Curriculum)များ ရေးဆွဲရာတွင် အထောက်အကူဖြစ်‌စေရန် အသုံးပြုနိုင်ပါကြောင်း၊ သို့ရာတွင် AI ပေါ်တွင် အလုံးစုံအားကိုးခြင်းမျိုးမဟုတ်ပဲ AI က ရရှိသည့် အချက်အလက်များကိုအသုံးပြု၍ ဆရာ ဆရာမများက မိမိတို့နိုင်ငံ၏ အခြေအနေ၊ မိမိတို့ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြစ်လာစေရန် မိမိတို့၏ အတွေးအမြင်များကိုထည့်သွင်းပြီး အကျိုးရှိစွာအသုံးပြုကြစေလိုကြောင်း။

သင်တန်းများ (Training) ပို့ချရန် ပြင်ဆင်ရာတွင် ဆွေးနွေးမည့်ခေါင်းစဉ်နှင့်ပတ်သက်၍ အချက်အလက်များရရှိနိုင်ရန် AI ကို အကျိုးရှိစွာ အသုံးပြုကြစေလိုကြောင်း၊ သုတေသနလုပ်ငန်းများတွင် AI သည် အလွန်အသုံးဝင်သော အထောက်အကူပြုသည့် နည်းပညာတစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသား‌ ကျောင်းသူများအနေဖြင့် Project များအတွက် ခေါင်းစဉ်များ ရှာဖွေရာတွင်အသုံးပြုနေကြပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား AI နည်းပညာကို စနစ်တကျ အသုံးချတတ်စေရန် လမ်းညွှန်ပေးစေလိုပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရသော နယ်ပယ်များတွင် AI ကိုအသုံးပြုခြင်းသည် အချိန်ကုန်သက်သာစေသည့် အားသာချက်များစွာရှိပြီး လိုအပ်သောအချက်အလက်များကို မြန်မြန်ဆန်ဆန်စုစည်းကာ စနစ်တကျအသုံးချနိုင်ပါကြောင်း၊ AI သည် အကျိုးကျေးဇူးများစွာရှိသော်လည်း စိန်ခေါ်မှုများလည်းရှိနေသည့်အတွက် AI နည်းပညာကို အကျိုးရှိစွာအသုံးပြု၍ မိမိတို့၏လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူး ဒေါက်တာသီရိအောင်နှင့် ဘာသာရပ်ဌာနများမှဆရာ ဆရာမများက သင်ကြားရေးတွင် AI အသုံးချနည်းများကို Power Points ဖြင့် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် ဆရာ ဆရာမများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးက လာမည့် သီတင်းပတ်တွင်ဆွေးနွေးမည့် ‘အပြန်အလှန်ဆွေးနွေးခြင်းဖြင့် သင်ကြားသင်ယူနည်းစနစ်များ’(Interactive Teaching and Learning Approaches) ခေါင်းစဉ်နှင့် စပ်လျဉ်း၍ အလေးပေးသင့်သည့်အချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Mar 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း