ကြေညာချက်
ကြေညာချက်
Ministry of Transport and Communications/ Naypyitaw / May 07, 2024
![image](https://www.motc.gov.mm//sites/default/files/2024-05/MP%20%282%29_0.jpg)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန် ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့်တိုက်)များသို့ စာအုပ်များပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့) ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။