တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူး (၄) နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း နေပြည်တော်၊ ဒီဇင်ဘာ ၈


Ministry of Ethnic Affairs/ Naypyitaw / December 08, 2023
image


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူး (၄) နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါအမှုထမ်းရာထူး(၄)နေရာ ခန့်ထားရန်အတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ် ပညာအရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ် ရာထူး/လစာနှုန်း လစ်လပ် ပညာအရည်အချင်း

(က) အငယ်တန်းစာရေး ၃ နေရာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး 

၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ (နေပြည်တော်)

(ခ) သန့်ရှင်းရေးအကူ ၁ နေရာ အခြေခံပညာမူလတန်းအောင်မြင်သူ၊ 

၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ (နေပြည်တော်) လုပ်ငန်းကိုစိတ်ပါဝင်စားသူ

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

( ခ ) အမှတ်စဉ်(က)နှင့်(ခ)ကို လျှောက်ထားသူသည် ( ၂၂ - ၁၂ - ၂၀၂၃)နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၂)နှစ်(အစိုးရဝန်ထမ်းဖြစ်ပါက အသက် ၃၅ နှစ်)ထက် မကျော်လွန်သူ ဖြစ်ရမည်။

( ဂ ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

(ဃ) ရွေးချယ်ခြင်းခံရသူများသည် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးနိုင်ရမည်။

( င ) နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်ရမည်။

( စ ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)၊ ရာထူးမှခန့်ထားခြင်းအမိန့်စာမှ ပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။ လျှောက်လွှာတွင် အောက်ပါအချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်-

(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

( ခ ) မွေးသက္ကရာဇ်နှင့် အသက်

( ဂ ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ

(ဃ) ပညာအရည်အချင်း

( င ) မိဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

( စ ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဌာန/လက်ရှိရာထူး

( ဆ ) အိမ်ထောင် ရှိ/မရှိ

( ဇ ) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်

(လျှောက်လွှာပုံစံကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Website: https://portal. moea.gov.mm နှင့် Facebook Page: Ethnic Affairs, Ministry, Myanmar တွင်လည်း ကြေညာထားမည် ဖြစ်ပါသည်။)

၄။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအချက်အလက်များ ပြည့်စုံစွာ(ပူးတွဲ)ပါရှိရမည်-

(က) အမှတ်စဉ် (က) လျှောက်ထားသူအတွက် ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှု အရည်အချင်း အထောက်အထားမိတ္တူ (ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင်လက်မှတ်)

( ခ ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံစာမူရင်း(လွန်ခဲ့သော တစ်လအတွင်း)

( ဂ ) လိပ်စာဖော်ပြပါဒေသတွင် အမှန်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမူရင်း(လွန်ခဲ့သော တစ်လအတွင်း)

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူမှန်

( င ) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ

( စ ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လက်ရှိတာဝန်ထမ်း‌ဆောင်လျက်ရှိသည့် ဌာန၊ ရာထူး၊ လစာနှုန်း၊ သက်ဆိုင်ရာဌာန ခွင့်ပြုမိန့်မူရင်း

( ဆ ) ပတ်စ်ပို့ဓါတ်ပုံကာလာဖြင့် (၃) ပုံ (လွန်ခဲ့သော ခြောက်လခန့်)

(ဓါတ်ပုံကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် ရေးသားရန်)

၅။ လျှောက်ထားသူများသည် အလုပ်ခန့်အပ်ခြင်းခံရပါက မိမိအစီအစဉ်ဖြင့် နေထိုင်နိုင်သူဖြစ် ရမည်။

၆။ လျှောက်လွှာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်၊ သို့ ( ၂၂ - ၁၂ - ၂၀၂၃)ရက်နေ့ထိ ရုံးချိန်အတွင်း နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်။ 

၇။ သတ်မှတ်ရက်ထက်ကျော်လွန်၍ ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်များနှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံ သူများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအား လူတွေ့ စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး လူတွေ့စစ်ဆေးမည့်ရက်ကို ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးကြော်ငြာသင်ပုန်းနှင့် Website: https://portal.moea.gov.mm ၊ Facebook Page: Ethnic Affairs, Ministry, Myanmar တို့တွင်လည်း ကြေညာပေးထားမည် ဖြစ်ပါသည်။ 

၈။ အသေးစိတ်သိရှိလိုပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော် ဖုန်း(၀၆၇-၃၄၀၉၅၅၁)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။


Download