ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / October 21, 2023
image


၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်းနှစ်အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့နှစ်အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့တစ်အုပ် ပေးပို့လျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ၅ အုပ် သို့မဟုတ် ၅ စောင်ကို ဖြန့်ချိသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ပုံစံ(၁၁)ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရမည်ဖြစ်ပါသည်။ ယခုအခါ အောက်ဖော်ပြပါထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရန် ပျက်ကွက်လျက်ရှိပါသဖြင့် အမြန်ဆုံးပေးအပ်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်-