ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ မိဘပင်စင်စားများသို့ အသိပေး ပန်ကြားချက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ မိဘပင်စင်စားများသို့ အသိပေး ပန်ကြားချက်
Yangon City Development Committee/ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / May 04, 2020
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လက်ရှိဖြစ်ပေါ်လျက်ရှိသော COVID-19 ကပ်ရောဂါဆိုးကြီး ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ၂၃-၄-၂၀၂၀ ရက်နေ့မှ ၂၉-၄-၂၀၂၀ ရက်နေ့အထိ ခရိုင်(၄)ခရိုင်ခွဲခြား၍ အောက်ပါရုံးများတွင် ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်-
ပင်စင်လစာထုတ်ပေးမည့် ရုံး တည်နေရာ |
||
(က) |
အရှေ့ပိုင်းခရိုင်ရှိမြို့နယ်များ [ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ] |
အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး (သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ဗဟိုဈေးမှတ်တိုင်အနီး) |
(ခ) | အနောက်ပိုင်း ခရိုင်ရှိမြို့နယ်များ (ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း) |
မြို့တော်ခန်းမ (ဆူးလေဘုရားလမ်း ဝင်ပေါက်) |
(ဂ) | တောင်ပိုင်း ခရိုင်ရှိမြို့နယ်များ (ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တာမွေ၊ သာကေတ၊ ဒလ၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို) |
တောင်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး (သိမ်ဖြူလမ်း စတော့ဂိတ်ကုန်း) |
(ဃ) | မြောက်ပိုင်း ခရိုင်ရှိမြို့နယ်များ (ကမာရွတ်၊ လှိုင်၊ အင်းစိန်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ) |
မြောက်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး (မြို့သစ်ဈေးအနီး အင်းစိန်မြို့နယ်) |
၂။ မိဘပင်စင်စားများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွက် ပင်စင်လစာထုတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိ၍ ၂၀၂၀ ပြည့်နှစ် မေလတွင် ထုတ်ယူမည်ဆိုပါက ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ ပင်စင်ဌာနစု၊ ဖုန်းနံပါတ် (၀၉ ၇၉၆၂၈၁၃၉၇ ၊ ၀၉ ၂၅၀၀၆၁၇၁၈၊ ၀၉ ၄၄၈၀၁၀၁၁၁ ၊ ၀၉ ၄၂၀၀၁၈၃၁၉ ) များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် မေလအတွက် ပင်စင်လစာမှစ၍ ငွေသားဖြင့် ထုတ်ပေးခြင်းမပြုတော့ဘဲ ရန်ကုန်မြို့တော်ဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ခြင်းနှင့် ATM စာရင်းဖွင့်လှစ်၍ ပင်စင်လစာ ထုတ်ယူခြင်းများကို ပြောင်းလဲဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြည်ဖြူစွာ လက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ