သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / August 29, 2023


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

၁။     ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ပေးအပ်မည့် ဘွဲ့များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

         (က)  စီးပွာရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)

                  B.BSc (Regional Development)

         (ခ)    စီးပွာရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ)

                  B.BSc (Accounting and Finance)

         (ဂ)    စီးပွာရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)

                  B.BSc (Applied Statistics)

         (ဃ)  စီးပွာရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)   

                  B.BSc (Marketing Management)

         (င)    စီးပွာရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)

                  B.BSc (Social Enterprise Management)

၂။      ဘွဲ့အတွက်သင်တန်းကာလမှာ (၄)နှစ် ဖြစ်ပါသည်။

၃။     အဆိုပါသင်တန်းများသို့လျှောက်ထားသူများသည် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည့်သည့်ဘာသာတွဲမဆို) ဖြစ်ရမည်။

၄။     သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ လျှောက်ထားသူများအနက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ်မူတည်၍ ရမှတ်အများအနည်းအလိုက် စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။     လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

         (က)  တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ

         (ခ)    အမှတ်စာရင်းမူရင်း

         (ဂ)    ပတ်စပို့စ်ဆိုဒ်(1.3″x1.1″) ဓာတ်ပုံ-၄ပုံ

         (ဃ)  နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ                                  

၆။     သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံကို ၁-၉-၂၀၂၃ (သောကြာနေ့)မှ စတင်၍  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website http://www.mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) Website http://www.ucmt.edu.mm တို့မှ Download ရယူ၍ လည်းကောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနမှလည်းကောင်းရယူ၍ စာတိုက်မှ ဖြစ်စေ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတစ်ဆင့် ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။

၇။     သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်ထားခြင်းကို ၁-၉-၂၀၂၃ (သောကြာနေ့) မှ ၁၀-၁၀-၂၀၂၃ (အင်္ဂါနေ့)အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။

၈။        ဝင်ခွင့်လျှောက်လွှာများတွင်ဖြည့်စွက်ထားသည့်အချက်များ ပြည့်စုံမှန်ကန်ခြင်းမရှိပါကထည့်သွင်းစဉ်စားမည်မဟုတ်ပါ။

၉။        တက္ကသိုလ်ဝင်ခွင့် ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website http://www.mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) Website http://www.ucmt.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁၀။   ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သန်လျင်မြို့သို့ တိုက်ရိုက်လျှောက်ထား ရမည်။

၁၁။     အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၉၅၃၀၀၁၅၁  သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့

Download