သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပထမနှစ်ဝင်ခွင့်လျှောက်လွှာ လက်ခံမည့်ရက် တိုးမြှင့်သတ်မှတ်ကြောင်းကြေညာခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / October 09, 2023


သန်လျင် အောက်တိုဘာ ၉

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအား ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများကို ၁-၉-၂၀၂၃ ရက်နေ့မှ ၁၀-၁၀-၂၀၂၃ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ၃၀-၈-၂၀၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့၏ Website များတွင်လည်းကောင်း ထည့်သွင်းကြော်ငြာခဲ့ပါသည်။ အဆိုပါ ကြော်ငြာမှ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ နောက်ဆုံးထား လက်ခံမည့်ရက်ကို ၁၀-၁၀-၂၀၂၃ ရက်နေ့အစား ၃၁-၁၀-၂၀၂၃ ရက်နေ့ (အင်္ဂါနေ့)အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာအပ်ပါသည်။