သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / November 07, 2023


၁။         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၃ အောင်) (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများကို ၁၆-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ (စနေနှင့် တနင်္ဂနွေနေ့များအပါအဝင်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပြီး              ၂၃-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ၏ ဒုတိယနှစ်ဝက် သင်တန်းများကို        ၂၃-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

၂။         ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းအား (၉-၁၁-၂၀၂၃)ရက်နေ့၌ ဝန်ကြီးဌာန၏ website ဖြစ်သည့် https://mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website ဖြစ်သည့် https://ucmt.edu.mm တို့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

               

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

                                                           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန