၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ အချိန်မီကျောင်းအပ်နှံရေးကြေညာချက်


Ministry of Information/ Naypyitaw / November 07, 2023
image


၁။ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများစာရင်းကို ၇-၁၁-၂၀၂၃ ရက်မှစတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ Website (www.moh.gov.mm), Facebook Page (Ministry of Health, Myanmar)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm) နှင့် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကြေညာထားမည်ဖြစ်ပါသည်။

၂။ ပထမနှစ်သင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက်တွင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် ၁၆-၁၁-၂၀၂၃ ရက်မှစတင်၍ (စနေနှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

၆ - ၁၁ - ၂၀၂၃