သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ ဖြေလျော့ပေးခဲ့သည့်ကိစ္စ (၁၁-၁၀-၂၀၁၈ ရက်၊ နေပြည်တော်)


Ministry of Foreign Affairs/ Nay Pyi Taw / October 11, 2018


နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပ ခရီးစဉ်များ၊ ပညာတော်သင်များ၊ နိုင်ငံကိုယ်စားပြု အားကစားသမားများနှင့် ပြည်ပသံရုံး အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းနှင့် မိသားစုဝင်များအတွက် သံတမန်နှင့် အထူးနိုင်ငံကူး လက်မှတ်များအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပေးလျက် ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနသို့ နိုင်ငံကူးလက်မှတ်အသစ် လာရောက်လျှောက်ထားရာတွင် ပိုမိုအဆင်ပြေ လွယ်ကူစေရန်နှင့် လိုအပ်သည့် စာရွက်စာတမ်းများ ဖြေလျော့ပေးနိုင်ရန် ၁-၁၀-၂၀၁၈ ရက်မှ အစပြု၍ ပြည်ပထွက်ခွာခွင့် ခွင့်ပြုမိန့် (DO) ၊ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ (FAPC) အမှာစာများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများအား ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနသို့ ပေးပို့ရန် မလိုအပ်တော့ပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ရုံးစာသာ လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။ ဝန်ကြီးဌာန အသီးသီးသို့လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။