နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူသမ္မတနိုင်ငံ၏ (၅၄)နှစ်မြောက် အမျိုးသားနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့


Ministry of Foreign Affairs/ location / August 09, 2019


(၉-၈-၂၀၁၉ ရက်၊ နေပြည်တော်)

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကျရောက်သော စင်ကာပူသမ္မတနိုင်ငံ၏ (၅၄)နှစ်မြောက် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ စင်ကာပူသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ကြောင်း သိရှိရပါသည်။