နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က စင်ကာပူသမ္မတနိုင်ငံ၏ (၅၄)နှစ်မြောက် အမျိုးသားနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့


Ministry of Foreign Affairs/ location / August 09, 2019


(၉-၈-၂၀၁၉ ရက်၊ နေပြည်တော်)

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကျရောက်သော စင်ကာပူသမ္မတနိုင်ငံ၏ (၅၄) နှစ်မြောက် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ စင်ကာပူသမ္မတနိုင်ငံ၊ သမ္မတ မဒမ် ဟာလီမာ ယာကော့ဗ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ကြောင်း သိရှိရပါသည်။