၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိ ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိ
Ministry of Information/ Naypyitaw / May 07, 2026
နေပြည်တော် မေ ၇
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်သားဘာသာရပ်၌ ပါဝင်သည့်ရေကြောင်းဝေါဟာရ၊ ကျောက်ဆူးနှင့် ကျောက်ကြိုးသင်ခန်းစာ၊ ရေယာဉ်ကိုင်တွယ်မောင်းနှင်မှုနှင့် တက်မထိန်းသင်ခန်းစာ၊ ရေကူးဘာသာရပ်၌ ပါဝင်သည့်ခြေခတ်၊ လက်ဆွဲမြေပြင်သင်ခန်းစာ၊ ပက်လက်ကူး၊ ပေါင်းစပ်ကူးခတ်ခြင်း၊ မှောက်လျက်ကူးသင်ခန်းစာများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦး တို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ တပ်မတော် (လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် စုစုပေါင်းသင်တန်းသား ၁၀၄၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မှော်ဘီမြို့ရှိမြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၆၃ ဦး၊ ရန်ကုန်မြို့ရှိ ရန်ကုန်သင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး၊ တောင်ကြီးမြို့ရှိ တောင်ကြီးသင်တန်းစခန်းမှ သင်တန်းသား ၆၀ ဦး၊ တောင်ငူမြို့ရှိ တောင်ငူ သင်တန်းစခန်းမှ သင်တန်းသား ၆၀ ဦး ၊ မုံရွာမြို့ရှိမုံရွာသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး ၊ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းမှ သင်တန်းသား ၅၃ ဦး ၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး ၊ နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦးနှင့် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦးတို့အား အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ် / ရဟတ်ယာဉ် မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
Union Civil Service Board/ နေပြည်တော် / May 07, 2026
