Latest News

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ ရှုခင်းကြည့် (Sight Seeing) အပျော်စီးရထားကို တောင်ကြီး-ပေါမူ-တောင်ကြီး ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ စတင်ပြေးဆွဲလျက်ရှိ

Ministry of Information / Posted on November 02, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ-တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလဖြစ်သည့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ၄ ရက်အထိ ပြေးဆွဲပေးလျက်ရှိသည်။

လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

Ministry of Information / Posted on November 02, 2025

ယနေ့မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း နိုဝင်ဘာ ၂ ရက် မှ ၆ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။

ဒုတိယဝန်ကြီး ဦးမျိုးမြင့် အဆောက်အဦဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on November 02, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆောက်အဦဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာရောဂါကုသရေးဌာန(Oncology Unit)တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း


Union Civil Service Board/ နေပြည်တော် / November 01, 2025


ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် ခေါ်ယူခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)နှင့် တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းအား Download ရယူကြည့်ရှုနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023