Latest News

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Nizhny Novgorod State Technical University သို့ သွားရောက်လေ့လာ၊ မြန်မာပညာတော်သင်ကျောင်းသားများနှင့်တွေ့ဆုံ

Ministry of Science and Technology / Posted on May 22, 2026

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Nizhny Novgorod မြို့သို့ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေလ ၂2 ရက်‌နေ့ နံနက်ပိုင်းတွင် Nizhny Novgorod State Technical University (NNSTU) သို့ ရောက်ရှိရာ ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက္ကသိုလ်၏ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ် များနှင့် NNSTU တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ NNSTU ၏ ပါမောက္ခချုပ် Dr. Sergey M. Dmitriev၊ Rosatom ၏ Mayak Academy မှ ဒါရိုက်တာ Ms. Maria V. Zotova၊ မဟာဌာနအသီးသီးမှ ဌာနမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲပြီးနောက် တက္ကသိုလ်၏စာသင်ခန်းများနှင့် လက်တွေ့ခန်းများကို လှည့်လည် ကြည့်ရှုလေ့လာခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Nizhny Novgorod မြို့၌ ပညာတော်သင်ရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး ပည

Science & Tech Union Minister visits Nizhny Novgorod State Technical University, meets Myanmar scholarship students

Ministry of Science and Technology / Posted on May 23, 2026

Union Minister for Science and Technology Dr Myo Thein Kyaw, who is currently in Nizhny Novgorod, the Russian Federation, met the rector, pro-rector, professors, and officials at the meeting hall of the Nizhny Novgorod State Technical University (NNSTU) yesterday morning and held discussions on potential cooperation between universities in Myanmar and NNSTU.

စာပေဗိမာန်စာမူဆုရစာအုပ် ဖြန့်ချိရောင်းချ

Ministry of Information / Posted on May 25, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ရသစာတမ်း ဒုတိယဆုရရှိသည့် စာရေးသူ သုတိဩဘာ (ဆင်ပေါင်ဝဲ) ၏ ‘ရွာဦးကျောင်းဆရာတော်တစ်ပါး၏ ဘဝမှတ်တမ်း­­’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်


Ministry of Information/ Naypyitaw / July 13, 2025
image_latest


နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင်ပြုလုပ်ထားပါရန်၊

အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့်ကာရံထားပါရန်၊

ရေစီးကြောင်းနှင့် နီးသောငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များဖို့ထားပါရန်၊

လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်၊

သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားပါရန်၊

ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်၊

မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက်စစ်ဆေးနေပါရန်၊

ထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့်နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားပါရန်၊

နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ် မိုးလေဝသသတိပေးချက်များနှင့်ပတ်သက်သည့်သတင်းများကို အမြဲဂရုတစိုက်နားထောင်ပါရန်နှင့် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက် အလက်ဖလှယ်ကြပါရန်၊

ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီ တောင်းခံကြပါရန်၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

Video