တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
Latest News
Ministry of Information / Posted on May 24, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Ministry of Information / Posted on May 24, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမင်းနောင်၊ ဦးထိန်လင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on May 24, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမင်းနောင်၊ ဦးထိန်လင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
Ministry of Ethnic Affairs/ Naypyitaw / May 19, 2026
၁။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) ဘက်စုံအဆင့်မြှင့်တင်နိုင်ရန်အတွက် ကျေးရွာအတွင်းရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသို့ အောက်ဖော်ပြပါလုပ်ငန်းများကို နှစ်တို/ နှစ်ရှည်ငှားရမ်းခြင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်-
(က) တိုင်းရင်းသားရိုးရာအစားအသောက်များ ရောင်းချနိုင်ရန်အတွက် မြေငှားရမ်းခြင်း၊
( ခ ) ဖျော်ဖြေမှု (Emtertaoment) နှင့် အပန်းဖြေဥယျာဉ် (Amusement Park) အတွက် မြေငှားရမ်းခြင်း၊
( ဂ ) အားကစားဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြေငှားရမ်းခြင်း၊
(ဃ) Shopping Center နှင့် နားနေဆောင်များအတွက် မြေငှားရမ်းခြင်း၊
( င ) ပြည်ထောင်စုခန်းမ အဆောက်အဦအား ငှားရမ်းခြင်း၊
( စ ) အထက်ဖော်ပြပါလုပ်ငန်းများအပြင် သီးခြားဆောင်ရွက်လိုသော လုပ်ငန်းများအတွက် မြေ/ အဆောက်အဦ ငှားရမ်းခြင်း။
၂။ ပထမအဆင့်အနေဖြင့် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသည် စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ (Expression of Interest - EOI) အား ဥက္ကဋ္ဌ၊ တင်ဒါကော်မတီ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၊ နေပြည်တော်သို့ လိပ်မူ၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့၊ ညနေ (၁၆:၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပါသည်။
၃။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest - EOI) ပုံစံနှင့် လမ်းညွှန်ချက်များအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားလူမှုဘဝမြှင့်တင်ရေးဌာနခွဲ၊ ရုံးအမှတ် (၁၄)၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တို့တွင် (၂၅-၅-၂၀၂၆)ရက်နေ့မှစတင်၍ လာရောက်ဝယ်ယူနိုင်ပါသည်။ ဝယ်ယူသည့်အခါ မိမိတို့၏ အောက်ပါကုမ္ပဏီဆိုင်ရာအထောက်အထားများ မူရင်းနှင့်မိတ္တူတို့ကို ပြသရမည်ဖြစ်ပါသည်-
(က) သက်တမ်းရှိပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
(ခ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်း
(အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၆၇-၃၄၀၉၃၁၅, ၀၆၇-၃၄၀၉၃၁၇, ၀၉- ၈၉၉၉၃၅၂၆၆)
တင်ဒါကော်မတီ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

