နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း
Latest News
Ayeyarwaddy Region Government / Posted on March 17, 2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂ဝ၂၅ -၂ဝ၂၆ ခု ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်း၊ အရှည် ၁၀၆၀ ပေ၊ အကျယ် ၂၀ ပေ ကတ္တရာရေပိတ်လွှာခင်းခြင်း ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့သည်။
Ayeyarwaddy Region Government / Posted on March 17, 2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ဟင်္သာတမြို့၊ “နိုင်”ဆီစက်သို့သွားရောက်၍ မြေပဲ၊ ပဲပုပ် ဆီကြိတ်ခွဲ ထုတ်လုပ်မှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ “နိုင်”ဆီစက်သို့သွားရောက်၍ မြေပဲ၊ ပဲပုပ် ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေ အနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆီကြိတ်ခွဲထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်း လတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီ ဆီကြိတ်စက်များနှင့် စားသုံးဆီများ ပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်ရေး မှာကြားခဲ့သည်။
Ayeyarwaddy Region Government / Posted on March 17, 2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၈၁)နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်-မုံရွာ-ဘက်ရဲမြို့အဝင်လမ်းပေါ်ရှိ တံတားဦးကွန်ကရစ်တံတား အရှည်(၁၀၀)ပေ၊ အကျယ် (၂၀)ပေ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများထံသို့ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee/ နေပြည်တော် / February 02, 2026

