Latest News

မြေငလျင်သတင်း

Ministry of Transport and Communications / Posted on June 06, 2025

မြေငလျင်သတင်း

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

Ministry of Information / Posted on June 06, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ကိုးဦး သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်

Ministry of Information / Posted on June 06, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးနှင့် ကွန်ဂိုနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ကိုးဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်


Ministry of Information/ Naypyitaw / June 06, 2025
image


(၆-၆-၂၀၂၅)

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဆိုပါဆုံးဖြတ်ချက်ကို လေ့လာခဲ့ရာ ILO ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာမှတစ်ဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ်တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ILO မှ ချမှတ်သော ဆုံးဖြတ်ချက်သည် နိုင်ငံရေးကို ဖိအားပေးလို၍ ဆုံးဖြတ်ထားသည့် အချက်အလက်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင်သောကြောင့် စိုးရိမ်မှုမရှိဘဲ လုပ်ငန်းခွင်များတွင် အေးချမ်းစွာ ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထု၏ အခွင့်အရေးများ ဥပဒေနှင့်အညီ တိုးတက်မှုရရှိရေး၊ လူမှုဘဝများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးစေသော ပူးပေါင်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023