သတင်းထုတ်ပြန်ချက်
Latest News
Ministry of Information / Posted on January 12, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉၊ ၁ဝ၊ ၁၁) ရက်များတွင် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။ မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ဒုတိယနေရာမှ လက်ရှိသိမ်းဆည်းရမိသော ဓာတုပစ္စည်းများအပေါ် ခန့်မှန်းတွက်ချက်မှုအရ အိုက်စ် ၂၇ တန်ခန့်(တန်ဖိုးငွေကျပ် ၅၄၀ ဘီလီယံ) ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်ပါက စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ စိတ်ကြွဆေးပြားများ ဈေးကွက်အတွင်းသို့ ရောက်ရှိသွားပါကငွေကျပ် ၁,၆၂၀ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။ အဆိုပါနေရာမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို လေ့လာဖော်ထုတ်သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
Ministry of Information / Posted on January 12, 2026
ပြည်သူများအား နှိပ်စက်ညှင်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ဒေသတစ်ဝိုက်ရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Ministry of Information / Posted on January 12, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် `ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် အဓိကျသည့် လုပ်ငန်းစဉ်ဖြစ်သည့် ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်းလိုက်ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / January 12, 2026
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အမှန်တရားနှင့် တရားမျှတမှုအတွက် ခုခံချေပခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်
ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျက်ရှိပါသည်။ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသော အမှုကိစ္စသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် မိမိ၏အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင်သည့် ခိုင်မာသော အစဉ်အလာကောင်းများကို အစဉ်တစိုက် ထိန်းသိမ်းခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ယခု ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့သို့ သွားရောက်ကာ တရားမျှတမှုနှင့် အမှန်တရားကို လက်ကိုင်ထား၍ မြန်မာနိုင်ငံအတွက် အစွမ်းကုန် လျှောက်လဲချက်ပေး သွားမည် ဖြစ်ပါသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ ICJ သို့ တင်ပြချက်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားကြသည့် မြန်မာပြည်သူပြည်သားများ၏ ဆန္ဒသဘောထားများနှင့် တစ်ထပ်တည်းကျလျက်ရှိပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အမှန်တရားဘက်မှ ရပ်တည်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကို ကျွန်ုပ်တို့ အပြည့်အဝ ထောက်ခံအားပေးပါသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးရှိ ဂုဏ်သရေရှိတရားသူကြီးများအနေဖြင့်လည်း မိမိတို့၏ မွန်မြတ်လှသော တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းလျက်၊ မည်သည့်အစွဲအလမ်းမျှမပါဘဲ အခြေအနေမှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်ဆန်းစစ် သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။ နိုင်ငံတကာဥပဒေနှင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် အပြန်အလှန်လေးစားလိုက်နာမှုရှိသော အဖြေတစ်ခု ထွက်ပေါ်လာရေးအတွက် အဖြစ်မှန်များကို မျှတစွာ သုံးသပ်ဆုံးဖြတ်ရန်မှာ အလွန်ပင်အရေးကြီးကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank က သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank
Myanmar Narrative Think Tank အကြောင်း - Myanmar Narrative Think Tank သည် မြန်မာနိုင်ငံ၏ ကမ္ဘာ့အလယ်တွင်မြင်တွေ့ရသည့် ပုံရိပ်ကို မြှင့်တင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
