သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
Latest News

Ministry of Information / Posted on May 21, 2025
နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ မွေးမြူနေချိန်တွင် မောင်တို့မယ်တို့အနေဖြင့် သင်ယူခဲ့သည့်ပညာရပ်များ၏ အခြေခံသဘောတရားများမှတစ်ဆင့် စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး တိုးတက်အောင်မြင်အောင် ထပ်မံကြိုးစားသွားကြရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း (၁/၂၀၂၅) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

Ministry of Information / Posted on May 21, 2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို ယနေ့တွင် စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်၊ ဆီဆိုင်ကျေးရွာ၌ ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးလျက်ကြောင်း သတင်းရရှိသည်။

Ministry of Transport and Communications / Posted on May 21, 2025
နောက်ဆက်တွဲမြေငလျင်သတင်းများ
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အတွက် ပထမနှစ်ကျောင်းသား/သူအသစ်များခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / May 20, 2025
၁။ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့တွင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား/သူအသစ်များ ခေါ်ယူမည်ဖြစ် ပါသည်။
၂။ အဆိုပါသင်တန်းသို့ အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
(က) အခြေခံပညာစနစ်သစ် Grade 9 အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ(လူပျို/အပျို)ဖြစ်ရမည်။
(ဃ) သင်တန်းမှချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ပြီး သင်တန်းကိုပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
၃။ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ)အောင်လက်မှတ် ပေးအပ်ချီးမြှင့် မည်ဖြစ်ပါသည်။
၄။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းတွင် (၃)နှစ်သင်တန်း ပြီးဆုံး အောင်မြင်သူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကို သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါသည်။
၅။ ပထမနှစ်သင်တန်းသို့ တက်ရောက်ရန် လျှောက်ထားလိုသူများသည် သမဝါယမ စာရင်း ရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီး မြို့၊ ရှမ်းပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် လျှောက်လွှာများဝယ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ (၁၅-၆-၂၀၂၅) ရက်နေ့ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် -
ရုံးချုပ် - ၀၆၇-၃၄၁၀၃၄၃
မကွေး - ၀၉-၂၅၄၄၁၂၃၃၈ ၊ ၀၉-၆၉၁၉၀၅၃၂၁
မန္တလေး - ၀၉-၄၂၀၇၀၁၆၃၄၊ ၀၉-၆၉၂၂၈၈၆၄၃၊ ၀၉-၂၁၁၀၆၄၉၊
၀၉-၆၆၅၆၉၁၉၁၈
တောင်ကြီး - ၀၈၁- ၂၁၂၁၃၂၀၊ ၀၉-၄၃၁၃၃၂၄၃၊ ၀၉- ၄၂၅၅၆၀၀၅၄
မော်လမြိုင် - ၀၉-၄၂၅၂၈၈၇၃၅၊ ၀၉- ၄၂၃၇၃၆၄၄၉၊ ၀၉-၇၉၂၁၈၁၀၄၂၊
၀၉-၄၂၅၂၆၇၀၀၈
ပုသိမ် - ၀၄၂-၂၉၀၀၃၊ ၀၉-၆၉၇၄၄၅၃၀၂၊ ၀၉-၇၆၉၂၃၂၄၅၇၊ ၀၉-၄၅၁၀၈၉၄၀၄၊ ၀၉-၇၇၂၆၀၂၉၂၇သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Download