သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / January 21, 2026
image_latest


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဆောင်းရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ (၁၉.၁.၂၀၂၆) ၊ ညနေ(၃း၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ (စီမံ၊သင်တန်း၊သု/ဖွံ့) ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ကထိက(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ အထူးပြုဘာသာရပ်များနှင့် ပထမနှစ် အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ 

ဆက်လက်၍ အခမ်းအနားတွင် အလံကိုင်အဖွဲ့ ဦးဆောင်ပြီး ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း နေရာယူပြီးနောက်  ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို “လိမ္မာပျော်ရွှင် ပညာချွန်” စေရန်အတွက်နှင့် ဘောလုံး(ကျား)၊ ဖူဆယ်(မ) အားကစားနည်းများကို အတန်းချိန်ပြင်ပတွင် အသင်းများဖွဲ့စည်းပြီး စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုလို ကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကိုယ်လက်ကြံ့ခိုင်ဖွံ့ဖြိုးမှုရှိ လာခြင်း၊ အသင်းအဖွဲ့(Team Work) အလိုက် လှုပ်ရှားဆောင်ရွက်တတ်သော အလေ့အကျင့်များ ရရှိလာခြင်း၊ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးပြီး အားကစားစိတ်ဓာတ်များ မြင့်မားလာခြင်း၊ လိမ္မာရေးခြားမှုရှိလာပြီး အချင်းချင်း ခင်မင်ရင်းနှီး စည်းလုံးညီညွတ်မှု ရှိလာခြင်း၊ ကျန်းမာပျော်ရွှင်ပြီး ပညာထူးချွန်မှုရှိလာစေခြင်းတို့ ရရှိလာမည် ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ (၆)သင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲ(၆)သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲကာလမှာ (၁၉.၁.၂၀၂၆)ရက်မှ (၂.၂.၂၀၂၆) ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကို အသင်းအဖွဲ့စိတ်ဓာတ်၊ အနိုင်မခံအရှုံးမပေးတဲ့စိတ်၊ အားကစား စိတ်ဓါတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားတွင်သာမက ဘက်စုံကျွမ်းကျင်ပြီး အဆင့်မြင့်ပညာများကို ကြိုးစားသင်ယူရင်း အနာဂတ်တွင် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူတော် လူကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ အားကစားသမားများမှ အားကစားသံဓိဋ္ဌာန်များ သံပြိုင်ရွတ်ဆိုခဲ့ကြပြီး အလံကိုင်အဖွဲ့များ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများသည် အားကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ပါသည်။

ထို့နောက် တက္ကသိုလ် ပထမနှစ် ကိုယ်စားပြု Cheerleader အသင်း ကျောင်းသား၊ ကျောင်းသူများမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ


Ministry of Information/ Naypyitaw / January 21, 2026
image_latest


Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023