ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်
Latest News
Ministry of Education / Posted on May 13, 2024
နေပြည်တော် ၂၀၂၃ မေ ၁၃ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်အတူ မန္တလေးပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ဘီအီးဒီစာပေးစာယူသင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်ကြား၊ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုသင်တန်းသည် နောက်ဆုံးအသုတ် ဖြစ်သည့်အားလျော်စွာ သင်တန်းပြီးဆုံးပြီးနောက် ဘီအီးဒီဘွဲ့ရရှိပြီးပါက အထက်တန်းပြဆရာ တာဝန်များကို တာဝန်ကျရာဒေသများတွင် ထမ်းဆောင်ကြစေလို ပါကြောင်း မှာကြားသည်။
Ministry of Natural Resources & Environmental Conservation / Posted on May 20, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၈-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ တောင်ကန်ကြီးကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာပြုပြင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်ပင်အိုင့်ကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီအကြို ဘက်စုံသုံးတစ်ရွာ(၂) ဧကစိုက်ပျိုးထားရှိမှုနှင့် ကျေးရွာစာကြည့်တိုက်အားလည်းကောင်း၊ ရေငံကျေးရွာ ၂၀၂၄ မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာ ပြုပြင်ဆောင်ရွက် ထားမှုအခြေအနေအားလည်းကောင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာရှိ ၂၀၂၄ မိုးရာသီအကြို ဘက်စုံသုံး တစ်ရွာ (၂) ဧက စိုက်ပျိုးထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် သစ်တောသစ်ပင်ထိန်းသိမ်
Ministry of Information / Posted on May 20, 2024
လာအိုနိုင်ငံဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၈) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအား ကစားပြိုင်ပွဲကို မေ ၁၈ ရက်နှင့် ၁၉ ရက်ကကျင်းပရာ မြန်မာနိုင်ငံမှ အားကစားသမားများ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခုဆွတ်ခူးရရှိခဲ့သည်။
Newspaper
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Downloadပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်
Ministry of Information/ Naypyitaw / May 09, 2024
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ် နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-
(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး (နေပြည်တော်)
(၁) ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၁
(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်ကောင်စီ)
(၁) ၀၆၇-၄၅၅၀၄၈၈၊ ၀၆၇-၄၅၅၀၄၉၉
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၂
(ဂ)ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)
(၁) ၀၇၁- ၂၀၃၂၀၉၁၊ ၀၇၁- ၂၀၃၂၀၉၂
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၇
(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)
(၁) ၀၅၉- ၂၀၂၄၀၃၇၊ ၀၅၉- ၂၀၂၄၀၃၈
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၈
(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)
(၁) ၀၅၂- ၂၂၀၁၉၃၉၊ ၀၅၂- ၂၂၀၁၉၄၉
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၉
(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)
(၁) ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃- ၂ဝ၂၈၈၇၉
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၀
(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)
(၁) ၀၂- ၄၀၂၁၂၄၅၊ ၀၂- ၄၀၂၁၂၄၆
(၂) မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု (SMS) ၀၉- ၂၅၅၀၀၂၅၁၁
(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)
(၁) ၀၅၇ - ၂၀၂၇၉၃၅၊ ၀၅၇- ၂၀၂၇၉၃၆
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၂
(ဈ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)
(၁) ၀၉- ၂၅၅၀၀၂၅၁၇၊ ၀၉- ၂၅၅၀၀၂၅၁၈
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၃
(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)
(၁) ၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၄
(ဋ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)
(၁) ၀၈၁- ၂၁၂၄၅၄၀၊ ၀၈၁- ၂၁၂၄၉၉၅
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၅
(ဌ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)
(၁) ၀၄၂- ၂၀၂၅၉၉၃၊ ၀၄၂- ၂၀၂၅၉၉၄
(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၆
၂။ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့်တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့