Latest News

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Ministry of Information / Posted on May 20, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ်၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင်အခြားသစ် ၁၈ ဒသမ ၆၆၆ တန်နှင့်အဆိုပါသစ်များ တင်ဆောင်ထားသည့် သစ်သားစက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၉၉၅၀) ကို သစ်တောဥပဒေ အရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Wave 110 မော်တော်ဆိုင်ကယ် နှစ်စီးနှင့် Smash 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၉၉၅၀ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးမြို့တွင် ဆရာအတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု လှည့်လည်ကြည့်ရှုစစ်ဆေး

Ministry of Education / Posted on May 13, 2024

နေပြည်တော် ၂၀၂၃ မေ ၁၃ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်အတူ မန္တလေးပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ဘီအီးဒီစာပေးစာယူသင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်ကြား၊ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုသင်တန်းသည် နောက်ဆုံးအသုတ် ဖြစ်သည့်အားလျော်စွာ သင်တန်းပြီးဆုံးပြီးနောက် ဘီအီးဒီဘွဲ့ရရှိပြီးပါက အထက်တန်းပြဆရာ တာဝန်များကို တာဝန်ကျရာဒေသများတွင် ထမ်းဆောင်ကြစေလို ပါကြောင်း မှာကြားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသရှိ ခရိုင်များအတွင်း တစ်ရွာ(၂) ဧက ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

Ministry of Natural Resources & Environmental Conservation / Posted on May 20, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၈-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ တောင်ကန်ကြီးကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာပြုပြင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံသည်။ ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်ပင်အိုင့်ကျေးရွာရှိ ၂၀၂၄ ခုနှစ် မိုးရာသီအကြို ဘက်စုံသုံးတစ်ရွာ(၂) ဧကစိုက်ပျိုးထားရှိမှုနှင့် ကျေးရွာစာကြည့်တိုက်အားလည်းကောင်း၊ ရေငံကျေးရွာ ၂၀၂၄ မိုးရာသီ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက တည်ထောင်မည့် မြေနေရာ ပြုပြင်ဆောင်ရွက် ထားမှုအခြေအနေအားလည်းကောင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာရှိ ၂၀၂၄ မိုးရာသီအကြို ဘက်စုံသုံး တစ်ရွာ (၂) ဧက စိုက်ပျိုးထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် သစ်တောသစ်ပင်ထိန်းသိမ်

Newspaper

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း


Ministry of Information/ Naypyitaw / May 09, 2024
image


မြန်မာနိုင်ငံပြန်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးနိုင်မျိုးဟန်ကို ယင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023