ကရင်ပြည်နယ်လူငယ်စင်တာ၌ ဒုတိယအကြိမ်အခြေခံပန်ချီသင်တန်းဆင်း

Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 03, 2026

ဘားအံ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်း အမှတ်စဉ်(၂/၂၀၂၅) သင်တန်းဆင်းပွဲ ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်များသည် နောင်တစ်ချိန်တွင်နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ရာ လူငယ်များကိုပြုစုပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကိုဖန်တီး ပုံဖော်နေခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများအနေဖြင့် မိမိတို့၏ဖန်တီး နိုင်စွမ်းကိုယုံကြည်ပြီး ပန်းချီအနုပညာမှတစ်ဆင့် မိမိဘဝကိုတိုးတက်စေမည့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာရင်း ကရင်ပြည်နယ် နှင့်နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သည့် လူကောင်း၊လူတော်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ခဲပန်းချီနှင့် ရေဆေးပန်းချီပြိုင်ပွဲတွင် သင်တန်းထူးချွန်ဆုရရှိကြသူများ၊ သင်တန်းဆင်းလက်မှတ်နှင့်သင်တန်းနည်းပြ တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး သင်တန်းဆင်းသင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြား ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခြေခံပန်းချီသင်တန်းကို သင်တန်းသား၊သင်တန်းသူ ၂၄ ဦးက စနေ၊တနင်္ဂနွေ ပိတ်ရက်(၂၅)ရက်ကြာ တက်ရောက်သင်ကြားပြီးမြောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းသား၊သင်တန်းသူများ၏ ပန်းချီ လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။

Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၀-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Revenue Appellate Tribunal / Posted on February 03, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၀-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 02, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 01, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023