ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / May 29, 2025

ဘားအံ မေ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာအထက်တန်းကျောင်း၏ (၃၆၀ပေ x ၃၁ပေ) ပညာချစ်သူ RCC သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ် ပွဲကို မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
အဆိုပါကျောင်းဆောင်သစ်ကို အလှူရှင်ဦးစောချစ်သူနှင့်ဇနီးနန်းခင်လှသူမိသားစုက ဆောက်လုပ်လှူဒါန်း ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ကြွရောက်ချီးမြှင့်တော်မူသော မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်း ဦးစီးပဓာနနာယက ဒုတိယ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၊ မဲဆမိတ် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တစန္ဒရနှင့် ဝိုင်းထော်ကျောင်းဆရာတော်တို့အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ များနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာလှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဒုတိယမြိုင်ကြီးငူဆရာတော်၊ မဲဆမိတ်ကျောင်းဆရာတော်၊ ဝိုင်းထော်ကျောင်းဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယမြိုင်ကြီးငူ ဆရာတော်က ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အလှူရှင်ဦးစောချစ်သူက ကျောင်း ဆောင်သစ်ကမ္ဗည်းကြေးပြားအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများက ကမ္ပည်းကြေးပြားအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။
ယင်းနောက် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယမြိုင်ကြီးငူဆရာတော်နှင့်မဲဆမိတ်ဆရာတော်ဘုရားကြီးတို့က ငြိမ်းချမ်းရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာဆုံးမဩဝါဒကထာကိုမြွတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ ရောက်အောင်တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများပေါ်ထွက်အောင် သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းလှိုင်၊ အလှူရှင်ဦးစောချစ်သူတို့က ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး သုံးထပ်ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို အလှူရှင်ဦးစောချစ်သူနှင့်ဇနီးနန်းခင်လှသူ မိသားစုက ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးနှင့် ဒေသခံတစ်ဦးတို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်အလှူရှင်ဦးစောချစ်သူက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအထိမ်းအမှတ်အလံငယ်များကို အမှတ်တရလက်ဆောင်ပေးအပ်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အတွင်းရှိ စာသင်ခန်း၊ ပရိဘောဂများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကြာအင်းခေတ်မီစံပြကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော လမ်းဘေးအုတ်စီရေမြောင်း ၆၅၀ ပေ ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 29, 2025
NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Ministry of Planning and Finance / Posted on May 27, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Transport and Communications / Posted on May 22, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း