ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံခရိုင်မီးသတ်စခန်း၌ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံခရိုင်မီးသတ်စခန်း၌ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / June 08, 2026
ဘားအံ - ဇွန် (၈)
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ မကြာ ခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ထိုဘေးအန္တရာယ်များကို ရှေ့တန်းကျကျတုန့်ပြန်ရင်ဆိုင်ကြရမည့် ရှာဖွေကယ် ဆယ်ရေးဆောင်ရွက်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန် ဇွန်လ ၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၆)ဖွင့်ပွဲကို ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေကြီး ရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည့် လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုအန္တရာယ်နှင့်အသက်ဘေးအန္တရာယ်မကြုံတွေ့စေရန် မမျှော်မှန်းနိုင်သည့်အခက်အခဲနှင့် အန္တရာယ်များကြားမှ ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုများကို အပြည့်အဝအသုံးချပြီး အောင်မြင်စွာကယ်တင်နိုင်ရန် ဘေးအန္တရာယ် လုံခြုံမှုအပိုင်းတွင် အဓိကအချက်(၄)ချက်ဖြစ်သော လျင်မြန်မှု၊ မှန်ကန်ထိ ရောက်မှု၊ စေ့စပ်သေချာမှု၊ ပြီးပြည့်စုံသောလုံခြုံမှု များဖြင့် သတိပြုဆောင်ရွက်နိုင်ရန် ယခုသင်တန်းကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှသင်ကြားပေးသော ရှာဖွေကယ်ဆယ်ရေးအတတ်ပညာရပ်များကို စိတ်ပါဝင်စားစွာသင်ယူမှတ်သား၍ ပညာ ရပ်များကိုမမေ့မလျော့ဘဲ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာသည့်အခါ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကူညီပေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အသုံးပြုနိုင်ရန် မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(ဘားအံ)သို့ Chain Saw (၅)လက်ကို ချီးမြှင့်ပေးအပ်ပြီး အဆိုပါသင်တန်းသို့တက်ရောက်လာသော မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ သင်တန်းသား(၅၀)ဦးနှင့် မီးသတ်တပ်ဖွဲ့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားသည်။
အဆိုပါသင်တန်းကို ဇွန်လ ၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဘားအံခရိုင်မီးသတ်စခန်းတွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရှာဖွေ ကယ်ဆယ်ရေးဆိုင်ရာအခြေခံသဘောတရားများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအကြောင်း၊ ကြိုးချည်နည်း၊ ကြိုးကူး နည်း၊ Hydraulic Cutter အသုံးပြု ခြင်း၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးပြုစုခြင်း၊ လူနာသယ်ဆောင်ခြင်း၊ စက်တပ်လှေ မောင်းနှင်ခြင်း၊ ရေအောက်ရှာဖွေ ကယ်ဆယ်ခြင်းနှင့် ပစ္စည်းများပြုပြင်ထိန်းသိမ်းခြင်း အစရှိသည့် ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်များကို စာတွေ့၊လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းတွင် အသုံးပြုမည့် ရှာဖွေကယ်ဆယ်ရေးသုံး အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။




Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Ministry of Cooperatives and Rural Development / Posted on May 26, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်) များအား ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026

