ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / February 11, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန (၄) ခုတို့မှ ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ အဖွဲ့ဝင် (၄၀) ဦး ပါဝင်သော ဆေး ကုသရေးအဖွဲ့သည် နံနက် (၀၉:၀၀) နာရီမှစတင်၍ ဝန်ထမ်းများအတွက် အထွေထွေရောဂါ၊ သွား နှင့် ခံတွင်းရောဂါဆိုင်ရာ စစ်ဆေးမှုများနှင့် ကုသပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ညွှန်ကြားရေးမှူး ပါမောက္ခဒေါက်တာ ဖြိုးသီဟက ကျန်းမာရေးဆိုင်ရာ အသိ ပညာများ ဟောပြောခဲ့ပြီး ဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့က (၂၀-၂-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on February 11, 2026

အခွန်အယူခံခုံအဖွဲ့က (၂၀-၂-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on February 11, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023