ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / February 26, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကော်မတီဝင် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက in person စနစ်ဖြင့် တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများက အွန်လိုင်း မှ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် စီစဉ်ထားရှိပါကြောင်း၊ ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရေးအတွက် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပြင် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ (FAM Trip) ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများတွင် ခရီးသွားဈေးကွက် မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နိုင်ငံတကာခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများကို ပါဝင်ပြသလျက်ရှိပါကြောင်း။

ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာအခြေခံသောစနစ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း/ သင်တန်းကျောင်းအသိအမှတ်ပြုမှုအစီအစဉ် (Accreditation Program) များတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်လာကြရေးအတွက် တွန်းအားပေးဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဒေသအလိုက် ထုတ်ကုန်များနှင့် ဒေသထွက်အစားအစာများကို ခရီးသွားဆွဲဆောင်မှုများနှင့် တွဲဖက်ပြီး မြှင့်တင်ကြော်ငြာနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များနှင့် ကော်မတီမှဆုံးဖြတ်ပေးရန် အမှာစာများကို ဖတ်ကြားတင်ပြသည်။

ဆွေးနွေး

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာလုပ်ငန်းလိုင်စင်များ ထုတ်ပေးထားရှိမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေများ၊ ခရီးစဉ်ဒေသအသစ်များနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်း/  ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဈေးကွက်မြှင့်တင်ရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on February 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့...

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Revenue Appellate Tribunal / Posted on February 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on February 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Video