ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် မိသားစုဝင်များ ရန်ကုန်မြို့ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော် ပျော်ရွှင်စွာဆင်နွှဲ


Ministry of Information/ Naypyitaw / April 15, 2026
image_latest


ရန်ကုန် ဧပြီ ၁၄

မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့အခြေစိုက်သံတမန်များနှင့် မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် မိသားစုဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တို့ကို သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်ဇနီး ဦးဆောင်သည့် သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ သံတမန်များနှင့် ဧည့်သည်တော်များသည် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာရေကစားကြပြီး မြန်မာ့ရိုးရာသနပ်ခါးကို အပြန်အလှန် လိမ်းခြယ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ သံတမန်များနှင့် ဧည့်သည်တော်များသည် Royal Apex မဏ္ဍပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ယိမ်းအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယိမ်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တေးသံရှင် စိုးညီညီနှင့်အဖွဲ့၏ တေးသီချင်းများဖြင့် ဖျော်ဖြေမှု၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မမများအဖွဲ့က ယိမ်းအကဖြင့်ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E.Mr. Harishchandra Ghimire က နှစ်သစ်ကူးဆုတောင်းစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး ဦးဆောင်သည့် သံတမန်များနှင့် ဧည့်သည်တော်များသည် မန်းတောင်ရိပ်ခိုတေးသီချင်းကို နိုင်ငံကျော်တေးသံရှင်များနှင့်အတူ စုပေါင်းသီဆိုကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်ဇနီး ဦးဆောင်သည့် သံတမန်များနှင့် ဧည့်သည်တော်များသည် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်သို့ရောက်ရှိကြပြီး မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆက်လက်၍ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ယိမ်းအဖွဲ့များ၊ ရွှေဂုဏ်သူယိမ်းအဖွဲ့များ၊ ရှမ်းတိုင်းရင်းသား ကိုယ်စားပြုအကအဖွဲ့တို့၏ ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

နှစ်သစ်ကူး ဂုဏ်ပြုအမှာစကားပြောကြား

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် သီရိလင်္ကာသံအမတ်ကြီး H.E.Mrs Ponnamperuma Arachchige Prabashini Ponnam-Peruma တို့က နှစ်သစ်ကူးဆုတောင်းစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သံတမန်များနှင့် ဧည့်သည်တော်များအား မြို့တော်ခန်းမရှိ ပထမထပ်မြေညီခန်းမ၌ နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ကူးဂုဏ်ပြု အမှာစကားပြောကြားသည်။

ယနေ့ မဟာသင်္ကြန်အကျနေ့တွင် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ-နေဇော်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video