ဇလွန်မြို့နယ် မြိုင်ကြီး ကျေးရွာ၌ Motor and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / May 15, 2026
image_latest


ဇလွန်မြို့နယ်  မြိုင်ကြီး ကျေးရွာ၌ Motor and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

ဇလွန်  မေ ၁၅

သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇  ခု ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့်ဆောင်ရွက်သည့် ကတော့ကရက်  ကျေးရွာအုပ်စု၊ မြိုင်ကြီး ကျေးရွာ၌ Motor and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို  မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင် နှင့် ခရိုင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ Motor and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကို   ကွင်းဆင်းစစ်ဆေးပြီး  ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်  က    သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီ စွာဖြင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး ကျေးရွာ၏ တင်ပြချက်များအပေါ်  လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။          

          ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ဇလွန် မြို့နယ်အတွင်း မြိုင်ကြီး ကျေးရွာ၌  Motor and Compressor တပ်ဆင်ခြင်း ၊ အလျား ၁၂ ပေ၊ အနံ ၆ ပေ ၊ အမြင့် ၅ ပေ ရှိ‌ ရေစုကန်တည်ဆောက်ခြင်း နှင့် အလျား ၁၀ ၊ အနံ ၈ ပေ ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း များကို  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၈၉၇ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက  ယခုနှစ် ဧပြီ လ  ၁၀ ရက်နေ့က စတင်၍  တာဝန်ယူ‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်း ဆောင်ရွက်မှုမှာ  ၇၀  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း  ဟင်္သာတ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်  ပြောပြ၍   သိရသည်။     
    

ဇင်မာ

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video