ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်လည်တွင် မြေအသုံးချမှု ပြောင်းလဲမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေး
ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်လည်တွင် မြေအသုံးချမှု ပြောင်းလဲမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 22, 2026
နေပြည်တော် မတ် ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်လည်တွင် မြေအသုံးချမှုပြောင်းလဲမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ချက်နိုင်ငံထုတ် Let L 410 အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ထွက်ခွာလာကြရာ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိကြသည်။
ဟဲဟိုးလေဆိပ်၌ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ညောင်ရွှေမြို့နယ် အင်းလေးကန်တစ်ဝိုက်အား ဝေဟင်မှလှည့်လည်ကြည့်ရှုစစ်ဆေးမည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ညောင်ရွှေမြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများအား ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဟဲဟိုးလေဆိပ်မှ ချက်နိုင်ငံထုတ်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ညောင်ရွှေမြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကျူးကျော်အခြေချခြင်းများနှင့် တရားမဝင်မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များစုဖွဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တောမီးနှင့်မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ဝေဟင်မှကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
