တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(အေးသာယာ)သို့သွားရောက် ၍ အိမ်ရာတည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ အေးသာယာ၊ ဟဲဟိုး၊ ကလောတပ်နယ်ရှိ နယ်မြေခံတပ်ရင်းများအား လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Defense/ Naypyitaw / May 21, 2026


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ)သို့  သွားရောက်၍   အိမ်ရာတည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်  အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ(အေးသာယာ)သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ထောက်ချုပ်ရုံးမှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်က အိမ်ရာတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်းဟောင်းများအား နေရာချထားပေးမှုနှင့် ဆက်လက်နေရာချထားပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိမှု၊ ရေနှင့်လျှပ်စစ်မီးပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းများသည် အရေးကြီးသည့် တပ်မတော်၏ အင်အားတစ်ရပ်ဖြစ်သည့် အတွက် စစ်မှုထမ်းဟောင်းများ၏ အရေးကိစ္စများကို ဂရုတစိုက်ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများ၊ အိမ်ရာနေစစ်မှုထမ်းဟောင်းမိသားစုများ နေထိုင်၊ စားသောက်၊ သွားလာမှုအဆင်ပြေစေရေး လိုအပ်သည်များ စီမံဆောင်ရွက်ပေးမည့်အခြေအနေများ၊ အိမ်ရာဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် စနစ်တကျစီမံဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများကို လမ်းညွှန်မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်း ဟောင်းအိမ်ရာအတွင်းရှိ သက်သာချောင်ချိရေးအရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးပြီး စစ်မှုထမ်းဟောင်း မိသားစုဝင်များအား စက်ချုပ်နည်းပညာသင်တန်းသင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် အိမ်ရာဝင်းအတွင်းရှိ တည်ဆောက်ပြီးစီးနေသည့် နေအိမ်တိုက်ခန်းများနှင့် တည်ဆောက်ဆဲတိုက်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းတွင် အေးသာယာ၊ ဟဲဟိုး၊ ကလောတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video