တရားမျှတသည့်ရွေးကောက်ပွဲကျင်းပရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး
တရားမျှတသည့်ရွေးကောက်ပွဲကျင်းပရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး
Ministry of Information/ Naypyitaw / August 02, 2025
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၀ တွင် ပြဋ္ဌာန်း ထားသည်။
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပသွားမည်ဟု အတိအလင်းအသိပေးထားသည်။ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲကျင်းပရန်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို စတင်ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သည်။ ယင်းအတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များသည် နောင်အစိုးရအတွက် လမ်းခင်းပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆန့်ကျင်နှောင့်ယှက်သူများအကြောင်းပြု၍ ရွေးကောက်ပွဲကို ယိုးမယ်ဖွဲ့ရန်အကြောင်းမရှိပေ။ လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်၌မူလကရှိပြီး ပြဿနာဖြစ်ပြီး ယခုနိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာစဉ်ကပါရှိခဲ့သည့် ကိစ္စရပ်တစ်ခုမဟုတ်ပေ။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဟူသည်မှာ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးကို အချိန်ယူပြီးဆောင်ရွက်ခြင်းဖြင့်သာ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် မည်သည့်အရေးကိစ္စကိုမျှပြေလည်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ နိုင်ငံတော် ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းမည်ဆိုပါက ရွေးကောက်ပွဲ မဖြစ်မနေကျင်းပပေးရမည်ဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရာ၌ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော လွှတ်တော်များသည် အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်သည်။ ယနေ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်း များအားလုံးအနေဖြင့် ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပေါ်ထွန်းလာမည့် လွှတ်တော်များတွင် မိမိတို့ဒေသ၊ မိမိတို့လူမျိုးလိုလားချက်များကို ဥပဒေနှင့်အညီ တရားဝင်တင်ပြဆောင်ရွက်ပြီး အခွင့်အရေးများကို ရယူနိုင်မည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက ပြည်သူလူထုလိုလားတောင့်တသည့် ဒီမိုကရေစီစနစ် နိုင်ငံတော်တွင် ဆိတ်သုဉ်းနေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် လက်နက်ကိုင်ပဋိပက္ခများကြားမှပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခဲ့သည်ကိုသာဓကယူပြီး နိုင်ငံတော်က လုံခြုံရေးကို စနစ်တကျတာဝန် ယူဆောင်ရွက်မှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စနစ်တကျဆောင်ရွက်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်သွားမည်ဆိုပါက ရွေးကောက်ပွဲအောင်မြင်မည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးစဉ်အချိန်အခါက ရွေးကောက်ပွဲကို အပိုင်းလိုက်ဆောင်ရွက်နိုင်ခဲ့သည့် သာဓကများရှိသည်။
သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးစနစ်နှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို စနစ်တကျအဆင့်ဆင့်အကောင်အထည်ဖော်လျက်ရှိပြီး ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော်အသီးသီးပေါ်ပေါက်လာပါက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထားရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on August 02, 2025
နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on August 02, 2025
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Myanmar National Human Rights Commission / Posted on August 02, 2025