တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / June 23, 2025
နေပြည်တော် ဇွန် ၂၂
တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက သတင်းအရ တာချီလိတ်မြို့နယ်ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာရှိ ဒေါ်နန်းဝိုးခမ်း၏ အိမ်ငှားတိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ အခန်းအမှတ်(၆)တွင် စိုင်းယီ(ခ)ကျိုင်းယီ၊ အိုက်လွှ၊ စိုင်းဆိုင်နှင့်စိုင်းခေးခမ်းတို့ လေးဦးနှင့်အတူ အက်တက်စီဆေးပြား ၅၀၆၀ (တစ်ပြားလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၂၄ သိန်း)၊ ကက်တမင်း ၀ ဒသမ ၅၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၅ သိန်း)၊ ERIMIN 5 ဆေးပြား ၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၅ သိန်း) နှင့် စိတ်ပြောင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော အပြာရောင် မွှေစက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိသဖြင့် စိုင်းယီ(ခ)ကျိုင်းယီ(၂၅)နှစ်၊ အိုက်လွှ(၂၈)နှစ်၊ စိုင်းဆိုင်(၂၇)နှစ်နှင့် စိုင်းခေးခမ်း (၂၄)နှစ်တို့လေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မြောက်ဥက္ကလာပ မြို့နယ်ရွှေပေါက်ကံမြို့သစ် (၁၂)ရပ်ကွက်ခွဲ အောင်ဖြိုးဝေလမ်းနေ ပွင့်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃၈ သိန်း) ဖမ်းဆီးရမိသဖြင့် ပွင့်ဦး(၅၇) နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
Ministry of Transport and Communications / Posted on October 02, 2023

